မေးကြည့် ဖြေကြည့် ပဟေဠိ
(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
၁ ။မြစ်ငယ်
(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာေ
ကာင်းတဲ့မြို့
၂။ ၀က်လက်
(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
၃။ဝမ်းတွင်း
(၄)လူကြီးမဖြစ်သေးတဲ့မြို့
၎။ကလေး
(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
၅။မင်းကင်း
(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
၆။ကြံခင်း
(၇)ဆင်တွေကတဲ့မြို့
၇။ကျောက်ဆည်း
(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
၈။ရေး
(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
၉။ချောက်
(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
၁၀။ခင်းဦး
(၁၁)ဖားကောက်ခိုင်းတဲ့မြို့
၁၁။မိတ္ထီလာ
(၁၂)လေဘေးထည်မြို့
၁၂။ဖျာပုံ
(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
၁၃။ဝါးခယ်မ
(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
၁၄။သပိတ်ကျင်း
(၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
၁၅။ ဒလ
(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
၁၆။ထီးချိုင့် 
(၁၇)အဲ့ဒီမြို့က ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့.................................................
၁၇။ မိုးကောင်း